Bookmark and Share
Showing posts with label Beware of Housing Agents in Singapore. Show all posts
Showing posts with label Beware of Housing Agents in Singapore. Show all posts

Sunday, 5 October 2008

Beware of Housing Agents in Singapore, HDB Flats, JTC Flats

Singapore HDB Flats
ဒီရက်ပိုင်း စင်္ကာပူတွင် ယခုအောက်တိုဘာလမှ စ၍ လျှပ်စစ်မီတာခများ ၂၂ ရာခိုင်နှုန်းခန့် တက်တော့မည် ဖြစ်ကြောင်း သိရသည့်ပြင် အိမ်ခန်းငှားခများလည်း သိသိသာသာတက်လာသည်။သို့ဖြစ်ရာ အိမ်ရှင်၊အိမ်ငှားပြဿနာများလည်း ကြားရသည့်အပြင် မကြာသေးမီရက်ပိုင်းအတွင်းက အိမ်ငှားအလိမ်ပွဲစားအေးဂျင့်အနေနှင့် လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။ ဖြစ်ပုံမှာ အိမ်ခန်းတစ်ခုကို ပိုင်ဆိုင်မှုစာရွက်စာတမ်းများအတုပြုလုပ်ပြသကာ အိမ်ငှား ၇ဦးအား တစ်ဦးလျှင် စရံငွေ စင်ကာပူဒေါ်လာ ၃၀၀၀ နှုံးဖြင့် ပိပိရိရိလိမ်လည် ချုပ်ဆိုပြီးနောက် ပြောင်းမည့်နေ့တွင် ၇ဦးတပြိုင်နက်တည်းဆုံကာ ပြဿနာဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသော်လည်း အမှု၏အခြေအမြစ်မှာ လိမ်လည်ခံရသူများ၏ အယုံလွယ်မှုပုံစံမျိုးအနေဖြင့် စင်ကာပူရဲဘက်ဝန်ထမ်းများမှ အလိမ်ခံ၇သူ အိမ်ငှား ၇ဦးအားသာ အပြစ်တင်ပြောဆိုထားပြီး လိမ်လည်သွားသူ တရားခံကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်းကို အလိမ်ခံရသူအိမ်ငှားတစ်ဦး၏ အသိမိတ်ဆွေထံမှ ကြားသိရသည်။ တခြားဖြစ်ရပ်တစ်ချို့မှာ အိမ်ရှင်နှင့်ပွဲစားများပေါင်းကာ တစ်နှစ်ချုပ်ထားသော်လည်း နှစ်မပြည့်ပဲ အိမ်ခန်းငှားခများ တိုး၍ရရှိရန်အတွက် အိမ်ငှားအသစ်အားလက်ခံနိုင်ရန်အလို့ငှာ လက်ရှိအိမ်ငှားအား ၆လခန့်နှင့်ပြောင်းရွှေ့ခိုင်းခြင်း၊ စပေါ်ငွေပြန်မအမ်းခြင်း အစရှိသော အပယိက ပြဿနာများအကြောင်းလည်း လတ်တလော မကြာခဏ ကြားသိနေရခြင်းဖြစ်သည်။